Monday, January 23, 2017

Windows & Myanmar Font & Keyboard ကိစ္စအတွက် ကွန်ပျူတာလေ့လာခါစ ညီအကိုတွေအတွက် မရှင်းရှင်းဖြစ်နေလို့ ဒီနေ့တော့ ရေးတင်လိုက်ပါပြီ။

Windows & Myanmar Font & Keyboard ကိစ္စအတွက် ကွန်ပျူတာလေ့လာခါစ
ညီအကိုတွေအတွက် မရှင်းရှင်းဖြစ်နေလို့  ဒီနေ့တော့ ရေးတင်လိုက်ပါပြီ။

 အားလုံးလည်း အဆင်ပြေကြလိမ့်မယ်ထင်လို့ ဒီပိုစ့်ကို
တစ်ခမ်းတနားမရေးခဲ့တာပါ၊ ဒီနေ့တော့ အားလုံးစိတ်ထဲေ၀၀ါးနေတာလေးကို
လက်ဆောင်ပေးချင်တာနဲ့ Windows မှာ Myanmar Font & Keyboard အတွက်
လှည့်ကြည့်စရာမလိုလောက်အောင် Windows များနဲ့ မြန်မာစာအမှန်ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါပြီ။


ယခုကျနော်မျှဝေပေးလိုက်တဲ့နည်းကို အသေချာဖတ်ကြည့်လိုက်ပါ
Windows မှာ Myanmar Font & Keyboard အတွက် မြန်မာစာကို
တစ်ခါတည်းနည်းလည်ပြီး နောက်ဘယ်ကွန်ပျူတာမဆို
လိုအပ်လာရင် ဒီနည်းအတိုင်းပဲဆိုတာကို သဘောပေါက်သွားမှာပါ။

ဒီနည်းလမ်းသည် ကျနော်အတွေ့အကြုံထဲမှရလာတဲ့ အတွေ့အကြုံဖြစ်ပြီး
 ယခုလက်ရှိအချိန်အထိ ကျနော်အသုံးပြုဖူးခဲ့ပြီး အသုံးပြုနေဆဲဖြစ်လို့
100% လုံးဝအဆင်ပြေပါတယ်၊ Error ကင်းပြီး ပုံသေနည်းဖြစ်ပါတယ်
Windows 7, 8, 8.1, 10 အာလုံးကို Support လုပ်ပါတယ်။

Download Zawgyi-Myanmar Font 32/64bit 
==========================
ကွန်ပျူတာအတွက်လိုအပ်မယ့် Zawgyi-ကီးဘုတ်နဲ့ဖောင့်များကို
အဆင်ပြေတဲ့လင့်များမှဒေါင်းလော့ရယူလိုက်ပါ။

ကွန်ပျူတာ 32Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit ကိုသာ
ဒေါင်းလော့ရယူပါနိုင်ပါတယ်။

ကွန်ပျူတာက 64Bit ဆိုရင်တော့ Zawgyi-Myanmar Font 32bit နဲ့
 Zawgyi-Myanmar Font 64Bit ကိုဒေါင်းလော့ရယူပါ။

Download Here Zawgyi-Myanmar Font 32Bit for windows

Download Here Zawgyi-Myanmar Font 64Bit for windows

OR

Download Here Zawgyi-Myanmar Font 32Bit for windows

Download Here Zawgyi-Myanmar Font 64Bit for windows

OR

Download Here Zawgyi-Myanmar Font 32Bit for windows

Download Here Zawgyi-Myanmar Font 64Bit for windows

OR

Download Here Zawgyi-Myanmar Font 32Bit for windows

Download Here Zawgyi-Myanmar Font 64Bit for windows

OR

Download Here Zawgyi-Myanmar Font 32Bit for windows

Download Here Zawgyi-Myanmar Font 64Bit for windows

 Windows 32bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်နည်း
============================

လက်ရှိကျနော်သုံးနေတာ Windows 7 32bit ပါ ဖုန်းတွေကလစ်ချင်တာနဲ့
အသုံးပြုနေတာဖြစ်ပါတယ် ကျနော်အကြိုက်ဆုံး Windows ကတော့ Windows 8.1 ပါ
ဒီ Windows 32bit ကွန်ပျူတာ 7, 8, 8.1, 10 အားလုံးအတွက် မြန်မာစာပုံသေထည့်သွင်းနည်း
ရှိပါတယ်၊ တစ်ခါတည်းမှတ်ထားစေချင်ပါတယ် မိမိကျတော့အဆင်ပြေတယ် တစ်ခြားကွန်ပျူတာ
ကျတော့အဆင်မပြေဘူး ဆိုတာမျိုးမဖြစ်ရလေအောင် Windows 32bit မှန်ရင်
 ကွန်ပျူတာအားလုံးကို ဒီနည်းအတိုင်းပဲ ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။

အပေါ်မှာပေးထားတဲ့ IEZawGyiGtalkfont ဆိုတာကိုဒေါင်းလော့ပါ

ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ  IEZawGyiGtalkfont.exe ဖိုင်ကို
Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့်စတင် install ပြုလုပ်ပါ၊


အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင် Next ကိုနှိပ်ပါ


Next ကိုဆက်နှိပ်ပေးလိုက်ပါ


Start installation ဆိုပြီးပြနေပါလိမ့်မယ် Next ကိုနှိပ်ပေးပြီး
install ပြုလုပ်ခြင်းကို စတင်လိုက်ပါ


အောက်ပါပုံအတိုင်း installing ပြုလုပ်နေတုန်းခနစောင့်ပါ


Alpha Zawgyi Cnicode System has been successfully installed
ဆိုပြီးပြနေပါလိမ်မယ့် ထည့်သွင်းခြင်းကိစ္စအောင်မြင်ပြီးစီးကြောင်းပြနေတာပါ
Finish ကိုနှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့ Close ကိုနှိပ်ပေးလိုက်ပါ


အောက်ပါပုံအတိုင်း မြင်နေရပါလိမ်မယ် ကွန်ပျူတာကို Restart ချပေးခိုင်းနေတာပါ
Ok ကိုနှိပ်ပေးလိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ၊ Manul အနေဖြင့်
 Restart ချပေးချင်တယ်ဆိုရင်တော့ Cancel ကိုနှိပ်ပေးနိုင်ပါတယ်၊ ဒီနေရာမှာ
System ပိုင်းကို ပြုလုပ်ချင်တာမို့ OK ကိုနှိပ်ပေးပြီး Restart သာချပေးလိုက်ပါ။


Restart ကျပြီးလို့ပြန်တက်လာတဲ့အခါ Control Panel>>Internet Option>
Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။

  Windows 64bit မှာ မြန်မာဖောင့်နဲ့ကီးဘုတ်ထည့်သွင်းနည်း
==================================

 ဒီတစ်ခါ ကွန်ပျူတာ Windows 64bit မှာမြန်မာစာထည့်သွင်းနည်းကို ရှင်းပြသွားပါမယ်
ဒီ Windows 64bit မှာတော့ ကီးဘုတ်ကော ဖောင့်ပါ နှစ်ခုလုံးကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်


သင်္ကေတသဘောတရားအနေဖြင့် ကျနော်တို့ Windows 32bit မှာ
မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်အတွက် IEZawGyiGtalkfont ဖိုင်
တစ်ခုတည်းကိုသာ Install ပြုလုပ်လိုက်ရုံဖြင့် အဆင်မပြေပါ။

ဒီတော့ Windows 64bit အတွက် ကီးဘုတ်အတွက်ရော့ ဖောင့်အတွက်ပါ
လိုအပ်ပါပြီ၊ ဒါကြောင့် IEZawGyiGtalkfont  ကဖောင့်အဖြစ် Install ပြုလုပ်ပြီး
zawgyi-keyboard-layout(64) ကိုတော့ ကီးဘုတ်အဖြစ် install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Windows 32 bit ကွန်ပျူတာမှာဆိုရင် Control Panel>>Program and Feature >>
Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသာ
ရှိနေပါလိမ့်မယ် အောက်ပါပုံကိုကြည့်ပါ။



အထက်ဖေါ်ပြပါ Alpha Zawgyi Unicode System ဆိုပြီး Unicode System တစ်ခုတည်းသည်
32bit ကွန်ပျူတာအတွက် ကီးဘုတ်နဲ့ဖောင့်အတွက်လုံးဝအဆင်ပြေမယ့် ဒီ 64bit ကွန်ပျူတာ
မှာတော့ သူ့ကို ဖောင့်အတွက်သာ အဆင်ပြေပြီး ကီးဘုတ်အတွက် 
zawgyi-keyboard-layout(64) ကို Install ပြုလုပ်ပေးရမှာပါ။
ဒီတော့ Windows 64bit ကွန်ပျူတာအတွက် ဖောင့်ကိုအရင်
Install ပြုလုပ်ပေးရပါမယ် ဖောင့်ကို install ပြုလုပ်နည်းကတော့
Windows 32bit မှာ ဖောင့်နဲ့ကီးဘုတ်အတွက်  IEZawGyiGtalkfont ဖိုင်
Install ပြုလုပ်နည်းနဲ့အတူတူပါ အပေါ်မှာပြန်လေ့လာကြည့်လိုက်ပါ။

zawgyi-keyboard-layout(64) ကိုဒေါင်းလော့ရယူပါ
ပြီးရင် ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ


zip ဖြေထားတဲ့ Folder ထဲကိုဝင်ကြည့်လိုက်ပါ အောက်ပါပုံအတိုင်း
သက်ဆိုင်ရာ Setup ဖိုင်နဲ့ Sub Folder & File များ ရှိနေပါလိမ့်မယ်
အဆိုပါ ဖိုင်များပြည့်စုံနေမှာ install ပြုလုပ်ရတာအဆင်ပြေပါတယ်။


ကီးဘုတ်ကိုထည့်သွင်းရန်အတွက် zawgyi-keyboard-layout(64) Folder ထဲမှ Setup ဖိုင်ကို
Right Click တစ်ချက်ထောက်ပြီး Run as administrator ဖြင့် စတင် Install ပြုလုပ်ပေးလိုက်ပါ။


စတင် Install ပြုလုပ်တာနဲ့ခနစောင့်နေလိုက်ပါ မြန်မာပါတယ် သိပ်မကြာပါ
အောက်ပါပုံအတိုင်း Installation Complete ဆိုပြီးပြနေခဲ့ရင်တော့
ကီးဘုတ်ကို ထည့်သွင်းကိစ္စအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ Close ကိုနှိပ်လိုက်ပါ။


အားလုံးပြီးသွားရင်တော့ အဲဒီထည့်သွင်းလိုက်တဲ့ ကီးဘုတ်ရဲ့သင်္ကေတက ကွန်ပျူတာမှာ
Zawgyi Myanmar Unicode L ဆိုပြီးရှိနေပါလိမ့်မယ် ကြည့်ရန်အတွက်
Control Panel>>Program and Feature>>Zawgyi Myanmar Unicode L ဆိုပြီး
အောက်ပါပုံအတိုင်း မြင်တွေ့နိုင်ပါတယ်၊ ဒါက Windows 64bit ကွန်ပျူတာအတွက် ကီးဘုတ်သင်္ကေတဖြစ်ပါတယ်။


မြန်မာစာအတွက် Control Panel>>Internet Option>
Zawgyi One ကို တစ်ဆင့်ချင်းသွားပြီး ပြောင်းပေးလိုက်ပုံပါပဲ။
Language System မှာ သူ့ကို install ပြုလုပ်လိုက်ရုံဖြင့် Auto add ပြုလုပ်
ပြီးသားဖြစ်နေတာမို့ တကူးတကပြောင်းပေးစရာမလိုတော့ပါ။

Windows 32/64bit များမှာ Zawgyi-မြန်မာစာပြောင်းနည်း
=================================

ဒါလေးကိုမမဖတ်ခင် လေ့လာသူဟာ အထက်ဖေါ်ပြပါ Windows 32bit ကွန်ပျူတာအတွက်
ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi ထည့်သွင်းနည်းနဲ့ Windows 64bit ကွန်ပျူတာမှာ 
ဖောင့်နဲ့ကီးဘုတ်အတွက် Zawgyi များထည့်သွင်းနည်းများကို လေ့လာပြီးပြီလို့ထင်ပါတယ်။
ကွန်ပျူတာမှာ မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်များအတွက် သက်ဆိုင်ရာ 
Zawgyi များကို install ပြုလုပ်ပြီးတဲ့အခါ Computer System တစ်ခုလုံးမှာ
 မြန်မာစာအမှန်မြင်ရန်အတွက် Setting အချို့ကိုပြောင်းလဲပေးရမှာပဲဖြစ်ပါတယ်။
ဒီအတွက်လွယ်ပါတယ် Control Panel >>Internet Options ကိုတစ်ချက်နှိပ်လိုက်ပါ

အောက်ပါပုံ Proerties လေးကျလာပါလိမ့်မယ် Zawgyi မြန်မာစာကို
ပြောင်းလဲပေးရန်အတွက် Fonts ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

Font Options လေးကျလာတဲ့အခါ ကျနော်အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
Language script: ဆိုတဲ့နေရာမှာ Latin based ဆိုတာကိုထားပါ။
Webpage fonts: ရဲ့အောက်မှာ Zawgyi-One ကိုထားပါ။
Plain text font: ဆိုတဲ့နေရာမှာ Courier New ဆိုတာကို ထားပါ
အားလုံးပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။


အထက်ဖေါ်ပြပါ Guide အတိုင်း တိကျခဲ့တယ်ဆိုရင်တော့
သင်ကွန်ပျူတာရဲ့ System တစ်ခုလုံးမှာ မြန်မာစာကိုမြင်နေရပါလိမ့်မယ်။

အဆိုပါ Zawgyi မြန်မာစာပြောင်းနည်းသည် ကွန်ပျူတာ 32/64bit အားမှာ
သက်ဆိုင်ရာ Zawgyi ဖောင့်နဲ့ကီးဘုတ်များကို install ပြုလုပ်ပြီးတဲ့အခါ
ဒီနည်းလမ်းအတိုင်း ပြောင်းလဲပေးရမှာဖြစ်ပါသည်။

Notification နေရာမှာ Language icon လေးကိုတစ်ချက်ထောက်ပြီးကြည့်လိုက်ပါ
အောက်ပါပုံအတိုင်း Eng-US & Eng US-Alpha Zawgyi Nlog Keyboard
ဆိုပြီးမြင်နေရပါလိမ့်မယ် ဒါကကျနော် windows မှာ Screenshot ရိုက်ပြထားတာပါ။


တစ်ခြားကွန်ပျူတာတိုင်းမှာလည်း ဒီနည်းအတိုင်းကြည့်ရှုနိုင်ပါတယ်။

Internet Brower များနဲ့မြန်မာစာ Setting ပြောင်းနည်း
===============================

Internet Brower များနဲ့မြန်မာစာအကြောင်းကိုရှင်းပြပေးသွားပါမယ် အခုလက်ရှိ
ကျနော်အသုံးပြုနေတဲ့ Browser များကတော့ Maxthon, Firefox ဖြစ်ပါတယ်။

အဲဒီသုံးခုလုံးမှာ အင်တာနက်ကြည့်တဲ့အခါ မြန်မာစာကိုအမှန်မြင်ရန်အတွက်
Setting အချို့ပြောင်းလဲနည်းကို တစ်ခုချင်းစီရှင်းပြပေးလိုက်ပါတယ်။

မှတ်ချက်-ဖေါ်ပြပါနည်းသည် Zawgyi အတွက်သာ ဖြစ်ပါသည်
Unicode Options အတွက်မဟုတ်ပါ။

Maxthon Browser နဲ့မြန်မာစာ
==================
Maxthon Browser ကိုဖွင့်လိုက်ပါ မြှားပြထားတဲ့နေရာနဲ့ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
နေရာကို တစ်ချက်နှိပ်လိုက်ပါ Setting ဆိုတာကိုဆက်နှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း တက်လာရင် Advaced ကိုနှိပ်ပါ


Web page font : နေရာတွင် Zawgyi-One ကိုထားပါ
Default encoding: နေရာတွင် Unicode (UTF-8) ကိုထားပါ


Firefox နဲ့မြန်မာစာ
============

Firefox Browser ကိုဖွင့်လိုက်ပါ မြန်မာစာပြောင်းရန်အတွက်
Menu bar မှ Tools >>Options ကိုတစ်ချက်နှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း Options Box တွင် Content ကိုတစ်ချက်နှိပ်ပါ


Default font: နေရာတွင် Zawgyi-One ကိုထားပါ။

ဒီတစ်ခါ Advanced ကိုတစ်ချက်နှိပ်ပါ


Fonts Options ရဲ့အောက်မှာ

Serif: နေရာတွင်-Zawgyi-One ထားပါ
Sans-serif: နေရာတွင်-Zawgyi-One ထားပါ
Monospace: နေရာတွင်-Zawgyi-One ကိုထားပြီး
OK ကိုနှိပ်လိုက်ပါ။ အားလုံးပြီးသွားရင် Firefox မှာ
မြန်မာစာအမှန်မြင်နေရပါလိမ့်မယ်။


ကဲဗျာ အခုလောက်ဆိုရင်တော့ ကွန်ပျူတာ 7, 8, 8.1, 10 များမှာ
Myanmar Font & Keyboard အမှန်ပုံသေနည်းထည့်နည်း

ကွန်ပျူတာ System တစ်ခုလုံးတွင် မြန်မာအမှန်မြင်ရန်အတွက်
Setting အနည်းငယ်ပြောင်းလဲနည်းနဲ့

Internet Browsers များနဲ့မြန်မာအတွက် Setting အနည်းငယ်
ပြောင်းလဲနည်းများကို လေ့လာသူနားလည်လောက်ပြီလို့ထင်ပါတယ်။
Credit zunite.org

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁)

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁)
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ(Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို မျှဝေလိုပါသည်။ စကားလုံးတွဲများသည် သီးသန့် တစ်လုံးစီ ခွဲထုတ်၍ မရဘဲ စကားစု အတိုင်းသာ သုံးနှုန်းပြောဆိုရပါသည်။ ထိုစကားလုံးတွဲများကို ပိုင်နိုင်စွာ သုံးနှုန်း ပြောဆိုနိုင်လျှင် အင်္ဂလိပ်စကားပြောရာတွင် များစွာ အထောက်အကူ ပြုနိုင်သလို လွယ်ကူချောမွေ့စွာ ပြောဆိုနိုင်ပါလိမ့်မည်။
I'm getting - ရလာသည်၊ ဖြစ်လာသည်၊ ဖြစ်နေသည်။
------------------------------------------------------------


- I'm getting better.
အခြေအနေ ကောင်းလာပြီ
- I'm getting ready for bed.
အိပ်ရာဝင်ဖို့ အသင့်ဖြစ်နေပြီ
- I'm getting a tooth ache.
သွားကိုက် လာတယ်။
- I'm getting tired.
ပင်ပန်းနေပြီ
- I'm getting good at reading.
စာဖတ်အား ကောင်းလာပြီ
- I'm getting a new car.
ကားသစ် ရလာပြီ
- I'm getting a job.
အလုပ်ရလာပြီ၊ အလုပ်ရနေပြီ
I'm trying + (verb) - ကြိုစား အားထုတ် နေသည်။
--------------------------------------------------------
ဖော်ပြပါ ပုံစံသည် တစ်စုံတစ်ရာကို စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ အောင်မြင်မှုရစေရန်၊ ပြီးမြောက်စေရန် ကြိုးစား အားထုတ်နေသည့် အချိန်တွင် မည်သည့်ကိစ္စကို ကြိုးစားအားထုတ် ဆောင်ရွက်နေသည် တိတိကျကျ ဖော်ပြပေးနိုင်ပါသည်။
- I'm trying to get a job.
အလုပ်တစ်ခု ရဖို့ ကြိုစားနေတယ်။
- I'm trying to educate myself.
ပညာတတ်ဖို့ ကြိုးစားနေတယ်
- I'm trying to understand.
နားလည်ဖို့ ကြိုးစားနေတယ်။
I’m trying to + V ပုံစံကို သတိထားရပါမည်။ ထုံးစံအတိုင်း to နောက်က infinitive verb သာရေးရပါမည်။ to နောက်တွင် မိမိသုံးသော verb အပေါ်တွင် မူတည်ကာ Obj ကို လိုအပ်လျှင် ထည့်ပေးနိုင်ပြီး မလိုအပ်ပါကလည်း ၎င်း verb ဖြင့်ပင် အဆုံးသတ်နိုင်ပါသည်။
I'm gonna + (verb) - တော့မလို့
-------------------------------------
“gonna” သည် သဒ္ဒါ စည်မျဉ်းစည်းကမ်း အရ မှားသော်လည်း စကားပြောပုံစံတွင် အသုံးများသော စကားလုံး တစ်ခု ဖြစ်ပါသည်။ “going to” နှင့် အဓိပ္ပာယ်တူပါသည်။ အကြောင်းအရာတစ်ခုခုကို လုပ်တော့မည့် အခြေအနေတွင် သုံးနိုင်ပါသည်။ သေချာသော အနာဂတ်ပုံစံကို ဖော်ပြရန်အတွက် သုံးနိုင်ပါသည်။
- I'm gonna have some coffee.
ကော်ဖီသောက်တော့မလို့
- I'm gonna go to work.
အလုပ်သွားတော့မလို့
- I'm gonna stop smoking.
ဆေးလိပ် ဖြတ်တော့မလို့၊ ဆေးလိပ်သောက်တာ ရပ်တော့မလို့
- I'm gonna take swim lessons.
ရေးကူး သင်တော့မလို့၊ ရေးကူးနည်းတွေ လေ့လာတော့မလို့
- "I'm gonna read a book."
စာအုပ်ဖတ်တော့မလို့
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
Be the Best !
 Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁၆)

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၁၆)
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။
It's time to + (verb) – အချိန်ရောက်ပြီ
တစ်စုံတစ်ခု ပြုလုပ်ရန်၊ ဖြစ်ပေါ်ရန် အချိန်ကျရောက်ပြီလို့ ပြောလိုသောအခါ ဖော်ပြပါပုံစံကို အသုံးပြု နိုင်ပါတယ်။
- It's time to say goodbye.
နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ။
- It's time to collect our money.
ပိုက်ဆံစုဖို့ အချိန်ရောက်ပြီ။
- It's time to cheer for our team.
ကျွန်တော်တို့ အသင်းအတွက် ကောင်းချီးသြဘာပေးဖို့ အချိန်ရောက်ပြီ။
- It's time to change the clocks.
နာရီတွေ လဲဖို့ အချိန်ရောက်ပြီ။
- It is time to decide what to do.
ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ။


“It’s + time for + (noun) ပုံစံဖြင့်လည်း အသုံးပြုနိုင်ပါတယ်။
- It’s time for bed.
အိပ်ရာဝင်ချိန် ရောက်ပြီ။
- It’s time for lunch.
နေ့လည်စာစားချိန် ရောက်ပြီ။
- It’s time for tea.
လက်ဘက်ရည် သောက်ချိန် ရောက်ပြီ။
How was + (noun) - ဘယ်လိုလဲ
အတိတ်မှာ ဖြစ်ခဲ့သော တစ်စုံတစ်ခုကို ဖြစ်စေ၊ တစ်စုံယောက်က အတိတ်မှာ ပြုလုပ်ခဲ့သော တစ်စုံတစ်ခုကို ဖြစ်စေ၊ ၎င်းအခြေအနေများကို မေးလိုသောအခါ ဖော်ပြပါ ပုံစံကို အသုံးပြုနိုင်ပါတယ်။
- How was your meeting yesterday?
မနေ့က အစည်းအဝေးက ဘယ်လိုလဲ
- How was your doctor's appointment?
မင်း ဆရာဝန်နဲ့ သွားတွေ့ခဲ့တာ ဘယ်လိုလဲ
- How was your business last year?
မနှစ်က စီးပွားရေး အခြေအနေ ဘယ်လိုလဲ
- How were your parents?
မင်း မိဘတွေ နေကောင်းကြလား (အတိတ်ကာလကို မေးခြင်းဖြစ်ပါတယ်)
လက်ရှိ၊ ပစ္စပ္ပုန်ကာလကို မေးလိုပါက “How + is” နှင့် “How + are” ကို အသုံးပြုနိုင်ပါတယ်။
- How is the meeting today?
ဒီနေ့ အစည်းအဝေး ဘယ်လိုလဲ
- How is the weather today?
ဒီနေ့ ရာသီဥတု အခြေအနေ ဘယ်လိုလဲ
- How are your parents?
မင်း မိဘတွေ နေကောင်းကြလား
How about + (verb-ing) - တူတယ်
တစ်စုံတစ်ယောက်ရဲ့ အယူအဆ၊ သဘောထားကို မေးလိုသောအခါ ဖြစ်စေ၊ တစ်စုံတစ်ကို လုပ်ဖို့ ဆန္ဒရှိလားလို့ တစ်စုံတစ်ယောက်ကို မေးလိုသောအခါ ဖြစ်စေ ဖော်ပြပါပုံစံကို အသုံးပြုနိုင်ပါတယ်။
- How about hanging out tonight?
ဒီည အချိန်ဖြုန်းမယ်ဆိုရင် ဘယ်လို သဘောရလဲ
- How about comparing prices before we buy it?
ကျွန်တော်တို့ ပစ္စည်းမဝယ်ခင် ဈေးနှုန်းတွေ နှိုင်းယှဉ်ကြည့်ဖို့ ဘယ်လို သဘောရလဲ
- How about considering it?
အဲဒါကို စဉ်းစားဆုံးဖြတ်ဖို့ ဘယ်လို သဘောရလဲ
- How about following me to their house?
သူတို့အိမ်ကို ကျွန်တော့်နောက်က လိုက်ဖို့ ဘယ်လို သဘောရလဲ
- How about feeding the dogs?
ခွေးတွေကို အစာကျွေးဖို့ ဘယ်လို သဘောရလဲ
အောင်ကိုဦး(UMK)
Be the Best !
Acuity English Language Center Facebook Page မှကူးယူဖော်ပြသည်